Wishlist
view wishlist
Cart
Total : 0
view cart

Welcome To Aladdin Online Shopping

ခေါက်ဆွဲလုပ်စက်

57,800 Ks

အရသာရှိသာ ခေါက်ဆွဲကို အိမ်မှာ သန့်သန့်ရှင်းရှင်းလေး လုပ်စားချင်သူတွေအတွက် အဆင်ပြေလှတဲ့ ခေါက်ဆွဲလုပ်စက်လေးပါနော် ကျန်းမာရေးနဲ့ ညီညွတ်အောင် မိမိကိုယ်တိုင်ပြုလုပ်နိုင်တာမို့ ပိုပြီး စိတ်ချရတာပေါ့… သုပ်စားတဲ့ ခေါက်ဆွဲအရွယ်နဲ့ ဆီချက်လုပ်စားတဲ့ ခေါက်ဆွဲအရွယ် နှစ်မျိုးလုပ်လို့ ရပြီး လုပ်ရတာလည်း အရမ်းလွယ်ကူပါတယ်။ ဂျုံမှုန့်၊ ဆိုဒါမှုန့်နဲ့ ကြက်ဥတို့ကို ရောပြီး နယ်ပေးပြီး ရလာတဲ့ ဂျုံလုံးကို အရင်ဆုံး ပြားတဲ့ အခြမ်းဘက်ကို ထည့်ပြီး လှည့်ပါ။ လိုချင်တဲ့ အထူအနေအထားရရင် လိုချင်တဲ့ ခေါက်ဆွဲအရွယ်အစားဘက်ကို ထည့်ုပီး လှည့်လိုက်တာနဲ့ ရပါပြီရှင့်။ ပြီးရင်တော့ ရေနွေးလေးနဲ့ ပြုတ်ပေးရမှာပါရှင့်။ လုပ်ပြီးတာနဲ့ ခေါက်ဆွဲတွေကပ်မနေအောင် ကော်မှုန့်လေးနဲ့ မွှေပေးရပါမယ်ရှင့်။ ကိုယ်စိတ်ကြိုက် ဂျုံကောင်းကောင်းလေးနဲ့ ခေါက်ဆွဲ လုပ်စားချင်သူများအတွက် အရမ်းအဆင်ပြေလှပါတယ်ရှင်.