Wishlist
view wishlist
Cart
Total : 0
view cart

Welcome To Aladdin Online Shopping

Detox bottle အဝါ

14,000 Ks

Detox bottle - 14000 ks ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဝိတ်ချရာမှာလည်း အသုံးဝင်လှတဲ့ Detox water ပြုလုပ်ပြီး သောက်သုံးတဲ့နေရာမှာ လွယ်ကူအဆင်ပြေစေမယ့် ရေဗူးလေး လာပါပြီနော်။ အသီးသပ်သပ်၊ အရည်သပ်သပ် ခွဲထားပြီးသားမို့ အရည်တွေကို အသီးအရသာတွေ အပြည့်အဝ စိမ့်ဝင်နိုင်တဲ့အပြင် သောက်သုံးရာမှာလည်းခွဲထားပြီးသားမို့ အဆင်ပြေလှပါတယ်။ ရုံးသမားတွေအတွက်လည်း လုပ်ရတာအရမ်းလွယ်ကူပါတယ်။ Blender ရှိမှမဟုတ်ပါဘူး။Fresh Juice တွေလိုမဟုတ်ဘဲ ဒီတိုင်းအသီးကိုထည့်စိမ်ပြီးသောက်တာမို့လို့ detox water မှာ ပါတဲ့ Calorie က အရမ်းနည်းပါတယ်ပုံမှန်သောက်နေကြဖြစ်တဲ့ အအေးတွေ ဖျော်၇ည်တွေအစား Detox water ကို အစားထိုးသောက်ပေးရင် ၀ိတ်ကျဖို့ အထောက်အကူဖြစ်စေပါတယ်ရှင်။ ပြုလုပ်ပုံကတော့  - ပထမဆုံးအနေနဲ့ ကိုယ်ထည့်မယ့် အသီးအနှံတွေကို လှီးပြီး ပုလင်း (သို့) ရေကရားထဲကို ထည့်ထားရပါမယ်။ကိုယ်ထည့်တဲ့ အသီးအ၇ွက် အနည်းများအပေါ်မှာ မူတည်ပြီးတော့ အရသာကကွာသွားမှာပါ။ အသီးတွေ အကုန်ထည့်ပြီးတာနဲ့ ပုလင်းထဲကို ရေ ထည့်လို့ရပါပြီ။ ရိုးရိုးရေဆိုရင်တော့ တညလောက်ရေခဲသေတာ ထဲမှာ အအေးခံရပါမယ်။ ရေခဲရေဆိုရင်တော့ ရေထည့်ပြီးတာနဲ့ ရေပုလင်းကို ၂နာရီလောက် ရေခဲသေတ္တာထဲ ထည့်ထားပေးရင် သောက်လို့ရပါပြီရှင့် ။ Detox Water ကိုဘာ အသီးတွေနဲ့ လုပ်ရမလည်းဆိုရင်တာ့  အလွယ်တကူဝယ်လို့ရတဲ့ အသီးအရွက်တွေနဲ့ဘဲ လုပ်လို့ရပါတယ်။ Detox Water အမျိုးမျိုးရှိတဲ့ အထဲကမှ အားလုံးနဲ့ သင့်တော်ပြီး အလွယ်တကူ လုပ်လို့ရတဲ့  အမျိုးအစားတွေပြောပြပေးမယ်နော် ... 🔸 သခွါးသီးနဲ့ ပူစီနံရွက်🥒 🔸Lemon နဲ့ ဂျင်း🍋 🔸 ဖရဲသီးနဲ့ ပူစီနံရွက်🍉 🔸Orange and lemon🍊 🔸ဖရဲသီးနဲ့ သစ်ဂျပိုးခေါက်🍉 သကြားနှင့်ဂတ်စ်တို့ဖြင့် ထုတ်လုပ်ထားသည့် အချိုရည်အမျိုးမျိုးကို သောက်သုံးမည့်အစား သန့်ရှင်းလတ်ဆတ်သော ကိုယ်တိုင်လုပ် သစ်သီးစိတ်ရည်ကို သောက်သုံးဖြင့် သင့်ကျန်းမာရေးကို ဒီနေ့ကစပြီး ဂရုစိုက်ကြရအောင်နော်။