Wishlist
view wishlist
Cart
Total : 0
view cart

Welcome To Aladdin Online Shopping

Travel insulin ice bag

19,000 Ks

Travel insulin ice bag ဆီးချိုဝေဒနာရှင်များအတွက် အင်ဆူလင်ထိုးနေရခြင်းသည် နောက်ဆုံးအဆင့်မဟုတ်ပါ။အင်ဆူလင်ထိုးရင်း မိမိတို့အလုပ်ကိစ္စများလည်းမပြတ်လုပ်နိုင်၊ မိတ်ဆွေအပေါင်းအသင်းများနှင့်လည်း ပျော်ပျော်ရွှင်ရွှင်သွားသွားလာလာ ၊ ခရီးသွားခြင်း၊ hangout လုပ်ခြင်း တို့မပြတ်ပြုလုပ်နိုင်ပြီဖြစ်ပါသည်။ အင်ဆူလင်ထိုးနေရခြင်းကြောင့် ခရီးသွားလာရန်အခက်အခဲရှိခြင်း၊ ဆေးရုံဆေးခန်းမှ မိမိ အိမ်၊ နယ်မြို့သို့အပြန်တွင် ရေခဲပုံးနှင့် တကူးတက အင်ဆူလင်သယ်နေရခြင်း စသည့် ပြသနာများကိုဖြေရှင်းပေးမည့် ခေတ်မီလှပသော Travel insulin ice bag လေးနှင့်မိတ်ဆက်ပေးပါရစေ။ Insulin ဆေးပုလင်းရော၊ insulin pen ရော ထည့်ယူသယ်ဆောင်သွားနိုင်ပြီး အထဲတွင် ရေခဲခဲထားပြီး အအေးပြန်ထုတ်လွှတ်ပေးနိုင်သော cool gel ရေခဲအိတ် ၂ ထုပ်ခြင်းကြောင့် အင်ဆူလင်သယ်ဆောင်သွားနိုင်သည့် ရေခဲသေတ္တာအသေးလေး ဟုတင်စားလို့ရပါသည်။ Cool gel bag ၂ အိတ်ကို ရေခဲသေတ္တာ အပေါ်ဆင့်တွင် ၂ နာရီခန့်ခဲထားရုံဖြင့် အအေးဓာတ်ထိန်းနိုင်သော cool gel သည် ခဲသွားလျှင့် အအေးဓာတ်ကိုတောက်လျှောက်ထုတ်လွှတ်ပေးထားနိုင်မည်ဖြစ်ပါသည်။ Travel အင်ဆူလင် ရေခဲအိတ် ၏အတွင်းသားတွင် ခဲသုတ်ထားခြင်းကြောင့်အအေးဓာတ်အလွယ်တကူမလွင့်အောင်ထိန်းပေးထားနိုင်ပြီး ခဲထားသော ice bag မှ အအေးဖြင့် အင်ဆူလင် ဆေးများ၏ဓာတ်သတ္တိမပြယ်အောင် ကြာရှည်စွာထိန်းထားပေးနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အင်ဆူလင်ထိုးရင်းခရီးသွားလိုသည်ဖြစ်စေ၊ နယ်ဝေးသို့ ပြန်သွားရမည့်အခြေအနေများရှိသည်ဖြစ်စေ ရေခဲပုံးများ၊ ရေခဲများမလိုတော့ဘဲ အင်ဆူလင် ရေခဲအိတ်လေးထဲ ထည့်ပြီး ၁၂ နာရီ တိတိ စိတ်ချစွာသယ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။ အင်ဆူလင်သာမက cold chain လိုအပ်သော vaccine ကာကွယ်ဆေးများ နှင့် တခြားသော ထိုးဆေးများကိုလည်း နေရောင်တိုက်ရိုက်မထိဘဲ အင်ဆူလင် cool gel bag လေးဖြင့် လွတ်လပ်ပေါ့ပါးစွာသယ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။ လူမမာတစ်ယောက်ကဲ့သို့ မခံစားရစေဘဲ ပုံမှန် ရိုးရိုး ပိုက်ဆံအိတ်လေးသယ်သွားသကဲ့သို့ စမတ်ကျကျ သယ်ယူပြီး နေ့စဉ်သွားလာလှုပ်ရှားနိုင်မည်ဖြစ်ပါသည်။ အရွယ်အစားမှာ အလျား ၂၁ cm * အနံ ၁၀ cm * အထူ ၄.၅ cm ရှိပါသည်။ ဈေးနှုန်း - 19000 ကျပ့်  💫Instock လည်းရှိလို့ မှာယူပြီးတာနဲ့ ၂ ရက်အတွင်းအိမ်အရောက်ပို့ဆောင်ပေးပါတယ်ရှင့်။ 2️⃣ရန်ကုန်မြို့တွင်းမြို့နယ်အလိုက် ပို့ခ ၂၀၀၀ မှ ၂၅၀၀ အတွင်းကျသင့်ပါမယ်ရှင့်။ ရောက်မှရှင်းလို့ရပါတယ်။ နယ်မြို့များမှမှာယူလိုပါက ကားဂိတ်အထိပို့ပေါတယ်ရှင့်။ငွေကြိုလွှဲစနစ်ပါ။ ဆက်သွယ်မှာယူလိုပါက chat box တွင် 🌸နာမည်၊ 🌸လိပ်စာ၊ 🌸ဖုန်းနံပါတ်၊ 🌸မှာယူလိုသောပစ္စည်း ရေးပြီးမှာယူနိုင်ပါတယ်။ ဖုန်း- 📞09797549036, 09-68 678 1222 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။ Messenger မှ လည်း ဆက်သွယ်မှာယူနိုင်ပါသည်။ Aladdin online shopping မှပစ္စည်းများအစုံအလင်ကို ကြည့်ရှုလိုပါက Messenger တွင် Hi ဟုပို့ပြီး ကြည့်ရှုနိုင်ပါသည်။ ကောင်းသောနေ့လေးဖြစ်ပါစေရှင့်။☀️☀️☀️