Wishlist
view wishlist
Cart
Total : 0
view cart

Welcome To Aladdin Online Shopping

Three Seasons ရေ နွေးရေခဲအိတ်

8,500 Ks

Three season ရေနွေးရေခဲအိတ်လေးဟာ အပူအအေးစုပ်ယူထိန်းသိမ်းထားနိုင်တဲ့ gel ပါဝင်တာကြောင့်ရေနွေးအိတ်လိုရော၊ ရေခဲအိတ်လိုရော ကိုယ်လိုသလို တစ်လှည့်စီသုံးလို့ရပါတယ်။ ရေခဲကပ်ဖို့လိုအပ်ရင် ရေခဲတုံးတွေကိုကျွပ်ကျွပ်အိတ်ထဲထည့်ပြီးကပ်လို့ ရေတွေထွက်ကျပြီးအဆင်မပြေတာတွေဖြစ်တတ်ပါတယ်။ ဒီthree seasons ရေနွေးရေခဲ အိတ်အတွင်းမှာ အပူအအေးစုပ်နိုင်တဲ့ gel ပါဝင်ခြင်းကြောင့် ရေခဲသေတ္တာအပေါ်ခန်း မှာ အချိန် ၁ နာရီလောက်ထားရုံနဲ့ ချက်ချင်းခဲသွားပြီး ရေခဲခြောက်လို အအေးတင်ဖို့အသုံးပြုနိုင်ပါတယ်။ ရေခဲပုံးထဲထည့်ပြီးသယ်သွားရင် အအေးတော်တော်နဲ့မလျော့ဘဲ အကြာကြီးသယ်သွားလို့ရပါတယ်။ အပြင် အပူချိန် မှာ ရေခဲကပ်ရင်တော့ ၃ နာရီလောက်ခံပါတယ်။ အသက်ကြီးလို့ဖြစ်တဲ့ဒူးနာခြင်း OA ရောဂါတွေမှာရေခဲတင်ပေးရင်အရောင်ကျပြီး အနာသက်သာစေပါတယ်။ တစ်ခုခု နဲ့ မတော်တဆ ထိခိုက်မိတဲ့အခါ၊ ဘောလုံးကန်ရင်၊ ပြေးလွှားရင်း ၊ ချော်လဲတာမျိုးပဲဖြစ်ဖြစ် ရောင်ရမ်းတာမျိုးတွေမှာ အရေးပေါ် ကုသမှုက ရေခဲချက်ချင်းတင်ပေးရပါတယ်။ ရေခဲ ချက်ချင်းတင်နိုင်ရင် အရောင်ချက်ချင်းကျပြီး သွေးခြေဥတာတို့၊ အနာရှိန်ပြင်းတာတို့ မဖြစ်စေတော့ပါဘူး။ သွေးတွင်း ယူရစ်အက်စစ်များတဲ့လူတွေမှာ ဖြစ်တတ်တဲ့ Gout ဂေါက်ရောဂါကြောင့်ခြေမကြီး ရောင်ကိုင်းနေတာမျိုး၊ ဒူးဆစ်၊ ခြေဆစ်၊ လက်ဆစ်တွေရောင်ကိုင်းနေတာမျိုးမှာလည်း ရေခဲကပ်ကုသခြင်းဟာ ချက်ချင်းအနာလည်းသက်သာ၊ အရောင်လည်းကျစေတဲ့ ကုသခြင်းပါ။ လူနာတွေ ဆေးရုံတက်လို့ cannula ထိုးထားတဲ့ သွေးကြောတစ်လျှောက်ရောင်ရမ်းနေတာမျိုးတွေမှာလည်း ရေခဲ အိတ် ကပ်ပြီး အရောင်ကို ချပေးလို့ရပါတယ်။ ယောင်ရမ်းခြင်းဝေဒနာအမျိုးမျိုးသာမက ခေါင်းကိုက်ခြင်း၊ ကိုယ်ပူတက်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းစသည့် ဝေဒနာအမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။ ရေနွေးအိတ်အနေနဲ့အသုံးပြုချင်ရင်တော့ microwave ထဲမှာ ၃၀ စက္ကန့် ကနေ ၁ မိနစ် ထားလို့ရပါတယ်။ ရေနွေးဆူဆူ အိုးထဲဆိုရင်တော့ 4 မိနစ်လောက်ထားရုံနဲ့ အပူကိုချက်ချင်းစုပ်သွား ရေနွေးအိတ်လိုချက်ချင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အမျိုးသမီးတွေ လစဉ်ကိုက်ခဲဝေဒနာမျိုး၊ ဗိုက်အောင့်ဗိုက်နာတာမျိုး၊ ဆောင်းရာသီမှာလက်ဖျားခြေဖျားတွေအေးတာမျိုး၊ Raynaud’s disease လို့ခေါ်တဲ့ အေးရင် လက်ဖျားခြေဖျားတွေ ဖြူလာ။ ပြာလာပြီး၊ နာလာတာမျိုးဖြစ်တဲ့ ရောဂါတွေ မှာလည်း လက်ဖျားခြေဖျားတွေနွေးနွေးသွားစေဖို့ အသုံးပြုလို့ရပါတယ်။ ရေနွေးအိတ်အနေနဲ့ အသုံးပြုမယ်ဆိုရင် တော့ အရမ်းပူနေတာမျိုးမဖြစ်အောင် ချက်ချင်းမကပ်ခင် ကိုယ်လိုချင်တဲ့ အပူချိန်လေးကို တစ်ချက်စမ်းပြီးမှအသုံးပြုဖို့သတိပေးပါရစေ။ အိတ်ရဲ့ size ကတော့ အလျား ၅"အနံ ၁၁ " ရှိတဲ့အတွက် နာကျင်ကိုက်ခဲဝေဒနာများအတွက် ဘယ်နေရာမဆိုအသုံးပြုလို့အဆင်ပြေပါတယ်ရှင့်။