Wishlist
view wishlist
Cart
Total : 0
view cart

Welcome To Aladdin Online Shopping

Underwear sterilizer and dryer

89,500 Ks

Undrewear dryer အတွင်းခံတွေဟာ စိုစွတ်ထိုင်းမှိုင်းရင် မှိုတွေ၊ဘတ်တီးရီးယားတွေစွဲပြီး ယားယံခြင်း၊ ပိုးဝင်ခြင်းနှင့် အဖြူဆင်းခြင်းတွေဖြစ်တတ်ပါတယ်။ underwear တွေကိုလှန်းတဲ့အခါမှာ စိုစွတ်တဲ့ မိုးရာသီကြောင့်ပဲဖြစ်ဖြစ် နေပူထဲမှာထုပ်မလှန်းတာပဲဖြစ်ဖြစ် ပိုးမွှားများဟာ အလွယ်တကူ ကပ်နေနိုင်ပါတယ်။ Underwear သန့်ရှင်းမှုဟာအမျိုးသမီးတိုင်းအတွက် မရှိမဖြစ်ဂရုစိုက်သင့်တဲ့အရာတစ်ခုပါ။ ဒီ underwear UV ပိုးသတ်အခြောက်ခံစက်လေးက တော့ mode ၃ မျိုးနှင့် အတွင်းခံအကျီင်္ ဘောင်းဘီတွေကို ပိုးသတ်ပေးနိုင်ပါတယ်။ Mode 1- မီးအနီရောင် - ၅ နာရီ အခြောက်ခံ ၁၀ မိနစ်ပိုးသတ် Mode 2- မီးအပြာရောင် - ၃ နာရီအခြောက်ခံ ၁၀ မိနစ်ပိုးသတ် Mode 3- မီးခရမ်းရောင် - ၁၀ မိနစ်ပိုးသတ် သူ့လုပ်ဆောင်မှုပြီးသွားတာနဲ့ auto ရပ်သွားပါတယ်။ UV မီးကလည်း အဖုံးဖွင့်လိုက်တာနဲ့ auto ပိတ်ပေးတဲ့စနစ်ပါပါတယ်။ ခရီးသွားတဲ့အခါမှာလည်း underwear တွေမခြောက်လို့ အများကြီးသယ်သွားရတာမျိုးမရှိတော့ဘဲ ဒီသယ်ဆောင်ရလွယ်တဲ့ ပိုးသတ်စက်လေးသယ်သွားလိုက်ရုံနဲ့ မခြောက်မှာမပူရတော့ပါဘူး။ လျှော်ပြီးလို့ ဒီစက်လေးထဲထည့်လိုက်တာနဲ့  အချိန်ခနအတွင်းမှာပဲခြောက်သွေ့သွားမှာဖြစ်ပါတယ် shoes ဖိနပ်စီးတဲ့သူတွေအတွက်လည်း ခြေအိတ်မှာ ခြေဆီတွေထွက်ပြီး အနံ့ ဆိုးတွေနဲ့ ပိုးမွှားများ ကပ်နေနိုင်တဲ့အတွက် ဒီစက်လေးကတော့အနံ့ဆိုးတွေကိုပျောက်စေပြီး ပိုးမွှားများကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။ wattကတော့ 100 ရှိပါတယ်။ ဒီစက်လေးရဲ့. size ကတော့ အလျှား 1ပေ ဖြစ်ပြီး အနံ4လက်မ ဖြစ်လို့ များများလည်းဆန့်ပါတယ့်ရှင့်။