Welcome To Aladdin Online Shopping
cool gel pillow ကျီးပေါင်းဆိုသည်မှာအရိုး မှအတက်ကလေးများထွက်ခြင်းဖြစ်ပြီး ထိုအတက်ကလေးများမှ ဘေးရှိကြွက်သားများ၊ အာရုံကြောများကိုပိညက်စေခြင်းတို့ကြောင့် ဘေးရှိကြွက်သားများ တောင့်တင်းခြင်း၊ နာကျင်ခြင်း၊ အထိုင်အထများတွင် နာကျင်ခြင်းတို့ဖြစ်တတ်ပါသည်။ ✅အာရုံကြောများပိညက်ခြင်းကြောင့် ထုံခြင်း၊ကျဉ်ခြင်း ၊ ခြေလက်များမလှုပ်ရှားနိုင်ဖြစ်ခြင်း၊ လည်ပင်းကျီးပေါင်းဆိုလျှင် လက်မောင်းတစ်လျှောက်ထုံကျဉ်ခြင်း၊ ချာချာလည် မူးဝေခြင်းတို့ဖြစ်စေပါသည်။ ကျီးပေါင်းရောဂါသည် မာလွန်းသော၊ မြင့်လွန်းသောခေါင်းအုံးများနှင့်အိပ်လျှင် ပိုဆိုးစေတတ်ပါသည်။ တစ်ညလုံး လည်ပင်းကို ထောင်ထားရသည့်အနေအထားမျိုးဖြင့် အိပ်စက်လျှင် လည်ပင်းကျီးပေါင်းပိုဆိုးတတ်ပါသည်။ ထို့ကြောင့် supportive treatment အနေဖြင့် memory foam အမျိုးအစားခေါင်းအုံးကို အသုံးပြုခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေသည်ဟုတွေ့ရှိရပါသည်။ Cool gel နှင့် memory foam နှစ်မျိုးပေါင်းစပ်ထားပြီး ကျီးပေါင်းရောဂါများအတွက် အထူးသင့်လျော်သောပုံစံဖြစ်သ ည့် လည်ပင်းcurvature အတိုင်း ပြုလုပ်ထားသော cool gel pillow ဖြစ်ပါသည်။ Memory foam - memory foam ဆိုသည်မှာ silicon, latex တို့နှင့်မတူညီဘဲ နောက်ဆုံးပေါ် ဖိရင်နစ်ဝင်ပြီး လည်ပင်းပုံအတိုင်း အလိုလိုပုံသွင်းပေးသော နူးညံ့သည့်ခေါင်းအုံးအမျိုးအစားဖြစ်ပါသည်။ latex လောက်လည်းမမာ၊ silicone ကဲ့သို့ဖိရင်ပြန်ကန်ထွက်ခြင်းမျိုးမရှိဘဲ ကျစ်ကျစ်လျစ်လျစ် ဖြင့် နူးညံ့သောအထိအတွေ့ ကိုပေးစွမ်းသောခေါင်းအုံးမျိုးဖြစ်ပါသည်။ Cool Gel - Memory foam အပေါ်တွင် cool gel တစ်ထပ်ပါဝင်သောကြောင့် ခေါင်းအုံးနှင့်ထိတွေ့ချိန်တောက်လျှောက်လုံးအေးမြခြင်းကိုခံစားရစေပြီး ညဘက် ခေါင်းအုံးပူခြင်း၊ ခေါင်းချွေးပြန်ခြင်း၊ ညဘက် တစ်ရေးနိုးပြီးပြန်အိပ်မရခြင်းတို့ကို သိသိသာသာသက်သာစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသောခေါင်းအုံးလေးဖြစ်ပါသည်။ လည်ပင်း၏ curvature ဖြစ်သော လည်ပင်းချိုင့်ခွက်နေရာတွင် ခေါင်းအုံး၏အမြင့်ပိုင်းဖြစ်သော ခပ်ဖောင်းဖောင်းနေရာလေးက နေရာယူစေပြီး လည်ပင်းတောက်လျှောက်ရှိ ကြွက်သားနှင့်အရိုးများကို support လုပ်ပေးထားခြင်းကြောင့် လည်ပင်း ဇတ်ကြောများတောင့်တင်းနေခြင်း၊ ကျီးပေါင်းတက်ခြင်းများကို သက်သာစေပါသည်။ လည်ပင်း၏ curvature( အကွေးအကောက်) အတိုင်း ခေါင်းအုံးသည်ပုံသွင်းလိုက်သလိုဖြစ်သွားပြီး ကြာလျှင် ပြားသွားခြင်းမျိုးလည်းမရှိပေ။ အတိုင်းအတာမှာ 50cm*30cm ဖြစ်ပါသည်။